မြန်မာစကား အကူအညီနှင့် အထောက်အပံ့ : Trosolwg
သန်းခေါင်စာရင်းဆိုတာ ဘာပါလဲ။
သန်းခေါင်စာရင်းဆိုသည်မှာ အင်္ဂလန်နှင့်ဝေလနယ်ရှိ လူနှင့်အိမ်ထောင်စုများအားလုံး၏အခြေအနေ သရုပ်ဖော်ပြချက်တစ်ခုကို ပေးအပ်သည့် 10 နှစ် တစ်ကြိမ် ပြုလုပ်သော စစ်တမ်းတစ်ခုဖြစ်ပါသည်။ နောက်လာမည့် သန်းခေါင်စာရင်းကို 2021 ခုနှစ် မတ်လ 21 ရက် တနင်္ဂနွေနေ့တွင် ကောက်ယူလိမ့်မည်။
သန်းခေါင်စာရင်းမှ စုဆောင်းရရှိသည့် သတင်းအချက်အလက်က ဘာသာစကား ဝန်ဆောင်မှုများအပါအဝင် ဒေသအတွင်းရှိ အများပြည်သူ ဝန်ဆောင်မှုများကို စီစဉ်ရန်နှင့် ငွေကြေးထောက်ပံ့ရန် အကူအညီပေးသည်။ ဥပမာအားဖြင့်၊ NHS မှ အချို့သော သီးခြားနေရာဒေသများ၌ ဘာသာပြန်ခြင်း နှင့် စကားပြန်ခြင်းဝန်ဆောင်မှုများ ပံ့ပိုးရန် လိုအပ်နိုင်သည်။
The Office for National Statistics (အမျိုးသားစာရင်းအင်းရုံး) (ONS) သည် အင်္ဂလန်နှင့်ဝေလနယ်တို့ရှိ သန်းခေါင်စာရင်းကောက်ယူမှုကို စီစဉ်၍ စီမံကွပ်ကဲသည်။
သန်းခေါင်စာရင်းကို မည်သူတို့ ဖြည့်စွက်ရမည်နည်း
သန်းခေါင်စာရင်းက သင်နှင့် သင်၏အိမ်ထောင်စုနှင့်ပတ်သက်သော မေးခွန်းများကို မေးမြန်းသဖြင့်၊ အင်္ဂလန်နှင့်ဝေလနယ်ရှိ လူတိုင်း ပါဝင်ဖြေဆိုရန် အရေးကြီးပါသည်။
ဥပဒေအရ သန်းခေါင်စာရင်းကို သင်ဖြည့်စွက်ရမည်ဖြစ်သည်
သန်းခေါင်စာရင်းကို မဖြည့်စွက်ခြင်း သို့မဟုတ် မှားယွင်းသော သတင်းအချက်အလက်များ ပေးခြင်းက ပြစ်မှုတစ်ခုဖြစ်ပြီး £1,000 အထိ သင်ဒဏ်ငွေကျခံရနိုင်သည်။ အချို့သော မေးခွန်းများကို ဆန္ဒအလျှောက်ဖြေဆိုနိုင်သည်ဟု ရှင်းလင်းစွာ မှတ်သားဖော်ပြထားသည်။ ၎င်းတို့ကို ဖြေဆိုခြင်းမပြုခြင်းက အပြစ်မဟုတ်ပေ။
ဗြိတိန်နိုင်ငံအတွင်း သုံးလ အောက် နေထိုင်ခြင်း
အကယ်၍ သင်သည် ဗြိတိန်နိုင်ငံအတွင်း သုံးလ အောက် နေထိုင်မည်ဆိုပါက သန်းခေါင်စာရင်းထဲတွင် ဖြည့်စွက်ရန် တာဝန်မရှိပါ။ သင်၏ နေရာထိုင်ခင်းပိုင်ရှင်က အိမ်ထောင်စုအတွင်း နေထိုင်မည့်လူများအကြောင်း ဖြည့်စွက်နိုင်ရန်အတွက် သင့်အား မေးခွန်းအချို့မေးမြန်းနိုင်သည်။
သင်၏သန်းခေါင်စာရင်းကို မည်သည့်အချိန်တွင် ဖြည့်ရမည်နည်း
အိမ်ထောင်စုအားလုံးသည် သန်းခေါင်စာရင်းကို 2021 ခုနှစ် မတ်လ 21 ရက် တနင်္ဂနွေနေ့ သို့မဟုတ် နောက်တစ်နေ့မှာ တတ်နိုင်သမျှ အစောဆုံး
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုအတွင်း သင်၏အခြေအနေများ ပြောင်းလဲသွားနိုင်ပါသည်။ သင်၏ ယခုလက်ရှိ အခြေအနေကို အခြေခံလျက် မေးခွန်းအားလုံးဖြေဆိုပါ။